Ad

Slider

ကပ္ပလီပင်လယ်ပြင်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ ထုတ်ပြန်

 


ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၌ လာမည့် ဧပြီ ၇ ရက်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားသည်။

မွန်းလွဲ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဧပြီ ၇ ရက်၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ကြောင်း တွက်ချက်ထားခြင်း ဖြစ်သည်။

တိုင်းတာချက်များအရ မြန်မာ့ပင်လယ်ပြင်တွင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် အရှေ့ဘက်မှ လေပြင်းများတိုက်ခတ်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး၊ လေပြင်းတိုက်ခတ်စဉ် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ ရှိနိုင်ကြောင်း၊ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ပြီး ဒေသအလိုက် လေးပေမှ ကိုးပေအထိ လှိုင်းအမြင့်များ ရှိနိုင်သည်။

လာမည့်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။


Translation by Google

A low pressure area is likely in the Andaman Sea

A low pressure area is likely to form in the southern Andaman Sea on April 7, according to the Directorate of Meteorology and Hydrology.

At 3:30 pm, a low pressure area is expected in the southeastern Bay of Bengal and adjoining southern Andaman Sea on 7 April.

According to the measurements, in the Burmese Sea, Mottama Bay; Moderate to strong waves with strong easterly winds along the Mon-Tannathari coast and offshore. Strong winds of 30 to 35 mph are expected. In the rest of the Burmese Sea, there will be light to moderate waves with a height of 4 to 9 feet depending on the region.

In the next two days, upper Sagaing Region; Scattered showers and thundershowers are likely in Kachin and Shan states, according to Moezala.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.