Ad

Slider

ဘဏ်ငွေထုတ်နိုင်သည့်ပမာဏ ကျပ်သိန်း ၁၀၀၀ အထိ တိုးမြှင့်၊ တစ်ဦးချင်းအတွက် သိန်း ၁၀၀ ထုတ်နိုင်ပြီ

 


စက်မှုဇုန်စက်ရုံ များ၏ လုပ်ခလစာအတွက် ကန့်သတ်ချက်မရှိ ထုတ်ပေးခြင်းအပြင် ကုန်ကြမ်း ဝယ်ယူခြင်း နှင့် အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအတွက် တစ်ပတ်လျှင် ကျပ် သိန်း ၁၀၀၀ အထိ ဧပြီလ ၁ ရက်မှစ၍ ထုတ်ပေးရန် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်စွဲဖြင့် သတ်မှတ်ညွှန်ကြားလိုက်သည်။

ယခင်သတ်မှတ်ပမာဏ ကျပ်သိန်း ၂၀ နှင့်ကျပ်သိန်း ၂၀၀ သတ် မှတ်ချက်ကို ကျော်လွန်၍ တိုးမြှင့်ထုတ်ယူခွင့်ပြုရန် ညွှန်ကြားလိုက်ခြင်းဖြစ်သည်။


တိုးမြှင့်ထုတ်ယူခွင့်ပြုရာတွင် အစိုးရဌာနများ၏ သင်တန်းကျောင်း စရိတ်များ၊ ဆုချီးမြှင့်ငွေများ၊ ဝတ်စုံကြေးများ ၊ နိုင်ငံဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ငွေများ ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ငွေများ၊ ဝန်ထမ်း ဆုချီးမြှင့်ငွေများနှင့်ဘာသာရေးဆိုင်ရာအ ခမ်းအနားများအတွက် ငွေသားထုတ်ယူခြင်းကို တစ်ပတ်လျှင် အများဆုံးကျပ်သိန်း ၁၀၀၀ ထုတ်ယူခွင့်ပြုရန် ဖော်ပြထားကာ အစိုးရဌာနအသီးသီး၏ ဆောက်လုပ် ရေးလုပ်ငန်းများနှင့် ထောက်ပံ့ပို့ဆောင်ရေး ဆိုင်ရာအသုံးစရိတ်များအတွက် ငွေသား ထုတ်ယူမှုကို တစ်ပတ်လျှင် အများဆုံး ကျပ် သိန်း ၁၀၀၀ အထိ ထုတ်ပေးရန် ခွင့်ပြုထားသည်။

တစ်ဦးချင်းအနေဖြင့် ကျန်းမာရေနှင့်ဘာသာရေးဆိုင်ရာ ကိစ္စရပ်များ အထောက်အထားများ ပြည့်စုံခိုင်လုံပါက လူတစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၁၀၀ အထိ ထုတ်ယူခွင့်ပြုရန် ဗဟိုဘဏ်က ညွှန်ကြားထားသည်။


ဘဏ်များနှင့် ဘဏ်မဟုတ်သည့်ငွေရေးကြေး ရေးအဖွဲ့အစည်းများ၏ ငွေသားစီမံခန့်ခွဲမှု ပို မိုကောင်းမွန်စေရန်အတွက် ငွေသားထုတ် ယူရာတွင် ATM/POS (Cardless Withdraw  အပါအဝင်) မှ ငွေသားထုတ်ယူမှုကို တစ်ရက်လျှင် အများဆုံး ကျပ်ငါးသိန်း ၊ ဘဏ်ငွေစာရင်းအသီးသီးမှငွေသားထုတ်ယူခြင်းကို လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ်လျှင် အများဆုံး ကျပ်သိန်း ၂၀ နှင့် ကုမ္ပဏီ၊ အဖွဲ့အစည်းများအတွက် တစ်ပတ်လျှင် အများ ဆုံး ကျပ်သိန်း ၂၀၀ အဖြစ် ယာယီလိုက်နာ ဆောင်ရွက်သွားရန်နှင့် အစိုးရဌာနများ၊ စီး ပွားရေးလုပ်ငန်းကြီးများ၏ လုပ်ခ၊ လစာများ ၊ ထောက်ပံ့ကြေးငွေများ၊ ပင်စင်လစာများအတွက် ငွေထုတ်ယူခြင်းကို အထောက်အထား များ စိစစ်၍ ဘဏ်များအနေဖြင့် မိမိ၏ငွေ ကြေးလက်ကျန်အခြေအနေအရ သတ်မှတ် ချက်ထက်ကျော်လွန်၍ ထုတ်ပေးရန် ရည်ညွှန်း-၁(ဗဟိုဘဏ်၏၁.၃.၂၀၂၁ ရက် စွဲပါထုတ်ပြန်ချက်) ပါ စာဖြင့် ညွှန်ကြားခဲ့ သည်။

ရည်ညွှန်း-၂(ဗဟိုဘဏ်၏ ၂၇.၄.၂၀၂၁ ရက်စွဲ)ပါ ညွှန်ကြားချက်အရ ဘဏ်စာရင်းအသစ်သို့ ဝင်ရောက်ခြင်းဖြစ်ပါက အပ်နှံသည့် ငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိ ထုတ်ယူခွင့်ပြုရန်နှင့် ရည်ညွှန်း-၄(၁၅.၁၁. ၂၀၂၁ရက်စွဲ)ပါ ညွှန်ကြားချက်အရ ရောင်း သူစာရင်းသို့ ငွေသားထည့်သွင်းဆောင်ရွက် ခြင်းများအတွက်New Account များအပေါ်  လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အတိုင်း  ငွေသားပေးသွင်းသည့်ပမာဏအပေါ် ငွေ သား ထုတ်ယူခွင့်အပြည့်အဝရှိပြီး ဘဏ်စာ ရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်း ဖြစ်ပါက ငွေသားပေးသွင်းသည့်ပမာဏအ တိုင်း ငွေသားပြန်လည်ထုတ်ပေးရန် သတ် မှတ်ချက်များ ပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားသည်။

Translation by Google
Increase bank withdrawal amount to 1,000 lakh kyats; 100 lakhs can be produced for each person

From April 1, 2022, the central bank has ordered the issuance of unrestricted wages for industrial zones and the purchase of raw materials and up to 1,000 lakh kyats per week for government-funded activities from April 1, 2022.
It has been instructed to allow the production to be increased beyond the previous limit of 2 million kyats and 20 million kyats.

In addition to the training fees of government departments, Prizes; Uniform fees; Good Civil Servant Badge Award; Honorary degrees; Cash withdrawals for staff bonuses and religious events are allowed at a maximum of K100,000 per week, while cash withdrawals for construction and logistics expenditures of various government departments are allowed at a maximum of K100,000 per week.
The central bank has instructed individuals to withdraw up to a maximum of 100,000 kyats per week if they have sufficient evidence on health, water and religion.

To improve the cash management of banks and non-bank financial institutions, cash withdrawals from ATM / POS (including Cardless Withdraw) should be made at a maximum of K 500,000 per day. Withdrawals from various bank accounts can be as high as 2 million kyats per person per week for companies, For organizations, the maximum is 20 million kyats per week. Wages of large businesses; Salaries Subsidies; The banks were instructed in a letter in Reference-1 (Central Bank issued on 1.3.2021) stating that the withdrawals of pensions should be verified and the banks should be disbursed in excess of their limits.
In case of entering into a new bank account in accordance with the instruction in reference-2 (dated 27.4.2021) to allow unlimited withdrawal within the deposit amount and in accordance with the instruction in reference-4 (dated 15.11.2021) It is stated that the terms and conditions for cash withdrawal have not changed according to the amount deposited.
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.