Ad

Slider

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းရိုင်း တူးဖော်ခြင်းလုပ်ငန်းများ ခွင့်မပြုတော့ကြောင်း ထုတ်ပြန်

 

ကချင်ပြည်နယ်ရှိ ကျောက်စိမ်းရိုင်း တူးဖော်ခြင်းလုပ်ငန်းများ ခွင့်မပြုတော့ကြောင်း ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက အသိပေးကြေညာချက် ထုတ်ပြန်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

အသိပေးကြေညာချက်တွင် နိုင်ငံပိုင်ကျောက်မျက်ရတနာများကို သားစဉ်မြေးဆက် ရေရှည်သုံးစွဲနိုင်ရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေနှင့် မော်လူး၊ မော်ဟန်ရတနာနယ်မြေတို့ရှိ ကျောက်စိမ်းရိုင်းတူးဖော်၊ ထုတ်လုပ်မှုလုပ်ငန်းများကို ဆက်လက်တူးဖော်ထုတ်လုပ်ခွင့်မပြုကြောင်း ဖော်ပြထားသည်။

ကချင်ပြည်နယ်မှာ ကမ္ဘာ့တန်းဝင် ကျောက်စိမ်းများ ထွက်ရှိရာ ဒေသတစ်ခုဖြစ်ပြီး တရားဝင် တူးဖော်မှုများအပြင် မတရားမဝင် တူးဖော်မှုများလည်း ရှိနေသည်။

Translation by Google

Jade mining in Kachin State banned

On April 1, 2022, the Ministry of Natural Resources and Environmental Conservation issued a statement announcing that jade mining in Kachin State would not be allowed, according to state-run newspapers.


The announcement calls for the sustainable use of state-owned gems for generations to come. Land for environmental protection and safety. Hpakant Yadanar area and Mawlu; Jade mining in Mawhan Yadanar area; It is stated that production activities will not be allowed to continue.


Kachin State is a world-class jade mining region, with both legal and illegal mining.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.