Ad

Slider

ကိယက်ဗ် ဒေသတစ်ခုလုံးကို ယူကရိန်းတို့ ရုရှထံမှ ပြန်လည်သိမ်းယူ

ယူကရိန်း၏မြို့တော် ကိယက်ဗ်နှင့် ချာနီဂစ်ဗ် မြို့တို့မှ ရုရှားစစ်သားများပြန်လည် ဆုတ်ခွာသွားမှုနှင့်အတူ ကိယက်ဗ်ဒေသတစ်ခုလုံးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ယူကရိန်းက ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် နေရာဒေသများတွင် အရပ်သားများသတ်ဖြတ်ခံခဲ့ရဖွယ်ရှိသည့် အ ထောက်အထားများလည်း ထွက်ပေါ်လာခဲ့သည်။

အေအက်ဖ်ပီသတင်းထောက်များ၏ ပြောကြားချက်အရ ကိယက်ဗ်မြို့တော်အနီးရှိ ဘူချာမြို့၏ လမ်းကြားတစ်ခုတွင် အရပ်သားဝတ်စုံဝတ်ဆင်ထားသည့် ရုပ်အလောင်း ၂၀ ခန့်နှင့် အနီးနားရှိ ကျေးရွာတစ်ရွာတွင် ပျောက်ဆုံးနေသည့် ဓာတ်ပုံဆရာတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

တွေ့ရှိခဲ့သည့် ရုပ်အလောင်းများအနက် သုံးလောင်းမှာ စက်ဘီးများနှင့်အတူ လဲကျနေပြီး အခြားအလောင်းများမှာ ကျည်ဆံများ မှန်ထားသည့် ပျက်စီးနေသည့် ကားများအနီး တွင် လဲကျသေဆုံးနေသည်ဟု ဆိုသည်။

“အဲဒီလူတွေအကုန်လုံးဟာ ပစ်သတ်ခံ ခဲ့ရတာပါ။ ဒါတွေဟာ ရုရှားရဲ့ သိမ်းပိုက်မှုတွေ ရဲ့ အကျိုးဆက်တွေဖြစ်ပါတယ်” ဟု ဘူချာမြို့တော်ဝန် အနာတိုလီ ဖက်ဒိုရွတ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ပြီး ၎င်းမြို့အတွင်း အစုလိုက်အပြုံလိုက်မြှုပ်နှံခံခဲ့ရသည့် အလောင်း ၂၈၀ ရှိသည်ဟု ဆိုသည်။

ဘူချာမြို့နှင့် ယူကရိန်း၏အခြားမြို့များ တွင်ဖြစ်ပွားခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် တုန်လှုပ်ခြောက်ခြားမိသည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ်က ပြောကြားခဲ့သည်။

ယူကရိန်းတွင် အပြစ်မဲ့အရပ်သားများကို ရုရှားတပ်ဖွဲ့များက ပစ်မှတ်ထားနေသည့် သတင်းများသည် စက်ဆုပ်ဖွယ်ကောင်းပြီး ဗြိတိန်အနေဖြင့် စစ်ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း၊ သက်သေ အထောက်အထားများကို စုဆောင်းရာတွင် အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နေ ကြောင်းနှင့် ယင်းဖြစ်စဉ်များတွင် တာဝန်ရှိသူများအနေဖြင့် တာဝန်ခံရမည်ဖြစ်ကြောင်း ထရပ်စ်က Twitter တွင် ရေးသားဖော်ပြခဲ့သည်။

နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးသည် ယူကရိန်းတွင်ဖြစ်ပွားခဲ့ဖွယ်ရှိသည့် စစ်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများကို စတင်လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် အနောက်နိုင်ငံ ခေါင်းဆောင်အချို့က ရုရှားသမ္မတ ဗလာဒီ မာပူတင်ကို စစ်ရာဇဝတ်မှုကျူးလွန်သူဟု စွပ်စွဲခဲ့ကြသည်။


Translate by Google

Ukraine recaptures Kiev from Russia


Ukraine says it has regained control of the entire Kiev region with the withdrawal of Russian troops from the Ukrainian capitals of Kiev and Kharniv.


According to AFP reporters, the bodies of about 20 plainclothes men and a missing photographer were found in a street in the town of Boucha, near the capital Kiev, and in a nearby village.

Three of the bodies were found lying on bicycles, while others were found dead near bullet-damaged cars.

"All of these people were shot dead," he said. "These are the consequences of the Russian occupation," Bucharest mayor Anatoly Fedorut told AFP that 280 bodies had been buried in the city.

British Foreign Secretary Liz Trudeau said he was shocked by the atrocities in Butcher and other cities in Ukraine.

Reports of Russian forces targeting innocent civilians in Ukraine are disgusting and Britain supports a war crimes investigation. "We are cooperating with others in the collection of evidence and those responsible will be held accountable," Trudeau wrote on Twitter.

The International Criminal Court (ICC) has launched an investigation into possible war crimes in Ukraine, and some Western leaders, including US President Joe Biden, have accused Russian President Vladimir Putin of committing war crimes.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.