Ad

Slider

အမြတ်နဲ့အကျိုးအမြတ်ကိုတောင် မခွဲနိုင်တော့တဲ့ ဝန်ဆောင်မှု

 

သင်္ကြန်ကာလ အိမ်တွင်းအောင်းခဲ့ပြီး သကာလ အမျိုးသမီးဘက်က ဆွေမျိုးတွေက ဧရာဝတီတိုင်း၊ မြန်အောင် မြို့နယ်၊ ရွှေကျင်မှာ မိသားစုအလှူလုပ်မယ်၊ တတ်နိုင်သမျှ တက်ပေးပါဆိုတာနဲ့ ဖြစ်ခါမှ ဖြစ်ရောဆိုပြီး မျက်စိ ကိုစုံမှိတ်ပြီး ရွှေကျင်မြို့ကို ချီတက်ဖို့ စိုင်းပြင်းရပါလေကော။ ဧရာဝတီတိုင်းရဲ့ အထက်ပိုင်းဒေသဖြစ် တဲ့ မြန် အောင်-ရွှေကျင်ကိုသွားဖို့က ပြည်ဘက် ကနေတစ်ဆင့် သွားမလား၊ ဒါမှမဟုတ် ဧရာဝတီတိုင်း ပုသိမ်ကနေ မြန်အောင်ကို တက်မလားဆိုပြီး လမ်းကြောင်းရွေးကြပါ လေကော။ ဒီတော့ အမျိုးသမီး ရဲ့ မောင်နေ တဲ့ ပုသိမ် ကနေ မိသားစုစုံစုံညီညီနဲ့ မြန်အောင်ကို သွားမယ်လို့ စိတ်ပိုင်းဖြတ်ပြီး ပုသိမ်ကိုသွားဖို့ အတွက် ရန်ကုန်၊ ဒဂုံ ဧရာအဝေးပြေးဝင်းမှာ ကားလက်မှတ်ဖြတ် ပါလေကော။

ကားလက်မှတ်ဖြတ်တဲ့ ကားဂိတ်ကတော့ နာမည် ၄ လုံးနဲ့ပါပဲ။ အရှေ့ကတော့ ဧရာဝတီတိုင်းကို ကိုယ်စားပြုတဲ့ ဧရာပါ။ နောက်က နှစ်လုံးကတော့ ချာချာလည်စေတဲ့ အရာကို ကိုယ်စားပြုတဲ့အမည်ပါ။…

ကားလက်မှတ်ဖြတ်တော့ ပုသိမ်ကို နေ့လယ် ၁၂ နာရီထွက်မယ်ဆိုတော့ ဝိရိယစိုက်လို့ မနက် ၁၁ နာရီလောက် က တည်းက ကားဂိတ်ကို အပြေးအလွှား သွားခဲ့ပါတယ်။ ကားဂိတ်မှာ ကားစောင့်နေ ရင်းက ၁၂ ထိုးတော့မှာ ဆိုတော့ လူတွေကလည်း လှုပ်လှုပ်ရွရွတွေ ဖြစ်လာပါကော။ သတ်မှတ်ချိန်က ၁၂ နာရီကားထွက်မှာကိုး။ ဒါနဲ့ ကားဂိတ်ထဲမှာ ကားလက်မှတ်ဖြတ်ပေးတဲ့ အမျိုးသမီးနဲ့ ကားဂိတ်ဝန်ထမ်း အမျိုးသမီး စုစုပေါင်း (၇) ယောက် လောက်ရှိ ပါတယ်။ ဒီလိုနဲ့သတ်မှတ်ထားတဲ့ ၁၂နာရီမှာ ပုသိမ်ကိုစီးရမယ့်ကားက ကားဂိတ်ကို ထိုးမပေးပါဘူး။ ဘာကြောင့်ပါလိမ့်ပေါ့။ ဒါနဲ့သွားမေးမြန်းတော့မှ လမ်းမှာ ကားဘီး ပေါက်တဲ့အတွက် ရန်ကုန်ကို အဝင်နောက် ကျမယ်၊ ဒီတော့ တစ်နာရီလောက်နောက် ကျမယ်တဲ့။ ဒါတောင် သွားမေးလို့နော်။ မေးများမမေးရင် ခရီးသည် ကို ပြောမှာမဟုတ်ဘူး။

ဒီနေရာမှာ ပိုဆိုးတာက သူတို့ကား ထွက်မယ့်အချိန်ဟာ ၁၂ ဆိုပေမယ့် ကားနောက်ကျတဲ့အချိန်က တစ်နာရီ ဆိုတော့ နေ့လယ်စာ ထမင်းစားချိန်ပါ။ ပုသိမ်ကို အမြန်ဆုံး ရောက်ချင်ကြတဲ့ ခရီးသည်တွေက သတ်မှတ်ချိန် ထက်နောက်ကျတော့ ပူညံပူညံဖြစ်လာပေမယ့်လည်း ကားဂိတ် ဝန်ထမ်းမမများကတော့ မျက်နှာထားတင်း တင်းပါပဲ။ သူတို့ပွစိပွစိ လုပ်ခံရလို့ မကျေနပ်တဲ့အတွက် မျက်နှာရှစ်ခေါက်ချိုးနဲ့ ဆက်ဆံတာများ ပြည်သူကို ဝန်ဆောင်မှုပေးရမယ့် လုပ်ငန်းပါလားဆိုတာကိုတောင် မသိနိုင်ဖြစ်နေကြကုန်ကော။ မိမိလုပ်ငန်းဟာ ဝန်ဆောင်မှု လုပ်ငန်းပါလားဆိုတာကို လုပ်ငန်းရှင်များက မသင်ပေးခဲ့ကြသလားလို့ တောင်တွေးမိ တယ်။ ပြည်ပ နိုင်ငံတွေမှာဆို မိမိကားလိုင်းက နောက်ကျပြီဆိုရင် စောင့်နေရတဲ့ခရီးသည်အတွက် ကားထွက်နိုင် မယ့်အချိန်နဲ့ ပတ်သက်လို့ ဘယ်အချိန်တော့ဖြင့် ထွက်နိုင်အောင်လုပ်နေပါတယ်ဆိုတာကို သတင်းအချက် အလက် တောက် လျှောက်ပေးနေသလို စောင့်ဆိုင်းရတဲ့ ခရီးသည်တွေ သက်သောင့်သက်သာ ဖြစ်စေဖို့အတွက် မျက်နှာသုတ် ပဝါလေးတွေကမ်းတာ၊ ရေတိုက်တာတွေ လုပ်ပေးကြပါတယ်။ ဒါပေမဲ့ ဒီယာဉ်လိုင်းက ဝန်ထမ်းတွေက တော့ နေ့လယ်စာ စားချိန်ကျော်သည့်တိုင်အောင် ကားမဝင်သေးတဲ့အတွက် စောင့်ပေးနေတဲ့ ခရီးသည်တွေကို ဖုတ် လေတဲ့ ငါးပိ ရှိတယ်လို့တောင်မထင်၊ အာညောင်းရင် အသံတိတ်သွားလိမ့်မယ်လို့များ တွက်ထားလေလား မသိ။

ဒီနေရာမှာ စျေးကွက် (Marketing) သဘောအရ ဝန်ဆောင်မှုလုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် Profit (အမြတ်)နဲ့ Benefit (အကျိုးအမြတ်) ဆိုတာရှိပါတယ်။ (Profit is Money) အမြတ်ဆိုတာ ငွေကြေးကို ဆိုလိုခြင်းပါ။ (Benefit is Social Welfare) အကျိုးအမြတ်ဆိုတာ မိမိရဲ့ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး စားသုံးသူက အသိ အမှတ်ပြုမှုကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ Profit ထက်အရေးကြီးတာက Benefit ပါ။

မိမိလုပ်ငန်းရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ စားသုံးသူက ဘယ်လောက်အထိ စိတ်ကျေနပ်မှုရသလဲ ဆိုတာဟာ တကယ်တော့ တန်ဖိုးဖြတ်လို့မရတဲ့ Benefit ဖြစ်ပါတယ်။ မိမိရဲ့ဝန်ဆောင်မှုကို စားသုံးသူစိတ်ကျေနပ် သွား တယ်ဆိုရင် Profit ဆိုတာဟာ အရေးမကြီးတော့ပါဘူး။ သူ့အလိုလိုလိုက်လာမယ့် အမြတ်ငွေပါ။ Benefit က တော့ မိမိလုပ်ငန်း ဆက်လက် ရပ်တည်နိုင်ဖို့အတွက် စားသုံးသူက အမှတ်ပေး ချီးမြှောက်လိုက်တဲ့ အကျိုး အမြတ်ပါ။ လုပ်ငန်းရေရှည် ရပ်တည်ဖို့အတွက် အကောင်းဆုံးအုတ်မြစ် တစ်ခုပါ။

ဒါပေမဲ့လည်း အဲဒီပုသိမ်ကိုသွားမယ့် ကားလိုင်းကတော့ လုံးလုံးကို နားမလည်လို့လား၊ ဒါမှမဟုတ် ပိုင်ရှင်ရဲ့ ခွင့်ပြုချက်မို့ လို့ပဲလားတော့ မသိ။ ပူပြင်းတဲ့နေရောင် အောက်မှာစောင့်ဆိုင်းပေးတဲ့ ခရီးသည်တွေကို ဘယ်လို ဝန်ဆောင်မှုပေးရမယ် ဆိုတာကို လုံးလုံးကို ထည့်မစဉ်းစား၊ ဝန်ဆောင်မှု မပေးတာပါ။ ဒါနဲ့မြန်မာလူမျိုးတို့ သည်းခံစိတ်ကြီးပုံများ။ ယာဉ်လိုင်းက စောင့်ခိုင်းတဲ့အတိုင်း နေ့လယ်တစ်နာရီထိုး အထိစောင့်တယ်။ ဒါလည်း ကားက မဝင်လာ။ ကားဘာကြောင့်မဝင်သေးတာကိုလည်း ဝန်ထမ်းမမများက မပြော။ ထပ်မေး လိုက်တော့မှ နေ့လယ်တစ်နာရီခွဲလောက်မှ ကားဝင်မယ်တဲ့။ ဒါလည်း မေးမှပြောတာပါ။

သြော်…လို့ပဲ ညည်းလိုက်မိတယ်။ မိမိရဲ့ခရီးသည်တွေ ဒီလောက်စောင့်ဆိုင်း နေရတာကို အားနာမှုမရှိသလို ဘယ်လို ဝန်ဆောင်မှုပေးရမလဲဆိုတာကို လုံးလုံးနားမလည်တာပါ။ ဒီတော့မနေနိုင်တဲ့လူက ““ဒီလောက်ခရီး သည်တွေကို စောင့်ဆိုင်းခိုင်းထားတာ ခင်ဗျားတို့လွန်လှပြီ။ အခုက တကယ်တော့ ထမင်းစားချိန်။ ခရီးသည် တွေက စောင့်ပါဆိုလို့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးတယ်။ ကားဘယ်တော့ဝင်မှာလဲ ဆိုတာကိုလည်း မပြောနဲ့။ ခင်ဗျားတို့ ဝန်ဆောင်မှုကဘာလဲ။ နောက်ပြီး အခုက တအားပူနေပြီ။ ခင်ဗျားတို့ရှေ့မှာလည်း ရေဘူးတွေ ချထားတယ်။ ခရီးသည်တွေတော့ တအားပူနေပြီ။ ရေလေးတိုက်လိုက် တော့ကော ခင်ဗျားတို့ မွဲသွားမှာလား။ အခုကော ရေလေးဘာလေးတိုက်ဖို့ အစီအစဉ်ရှိသလား””လို့ ထမေးပါကော။

အဲဒီကျတော့ ဝန်ထမ်းမမများက ““ရေကို ကားပေါ်ကျမှတိုက်မယ်””တဲ့။ ကောင်းရော။ သြော်… Benefit ထက် Profit ကို ကြည့်ပြီး ပြောလိုက်တာများ တရားကျဖို့ ကောင်းပါတယ်။ မိမိခရီးသည်တွေရဲ့ အကျပ်အတည်းဖြစ်မှု၊ အခက်တွေ့မှုကို ဖြေရှင်းပေးဖို့ဆိုတဲ့ စိတ်ထားမျိုးထက် မိမိလုပ်ငန်းရဲ့ လုပ်ထုံးလုပ်နည်း အတိုင်းပဲလုပ်မယ်။ မကျေနပ်ရင် မတတ်နိုင်ဘူးဆိုတဲ့ ပုံစံပါ။ ဒီတော့ ခရီးသည်တွေက ဆူညံပွက် လောရိုက် ကုန်ပါလေကော။ နောက်ဆိုရင် ဒီယာဉ်လိုင်းဆို ဆောရီး၊ တာ့တာဘိုင့်ဘိုင်ပါပဲလို့ ပြောကုန်ပါကော။

သြော် … စားသုံးသူအတွက် ဝန်ဆောင်မှုဆိုတာ ဒီယာဉ်လိုင်းအတွက် ဒါပါပဲလားဆိုပြီး မျက်စိစုံမှိတ် အံကြိတ်ပြီး နေ့လယ် ၁၂ နာရီထွက်မယ့်ကားကို နေ့လယ် ၁နာရီ ၄၅မိနစ်ကျမှပဲ ထွက်ခဲ့ရတော့တယ်။ ဒါတောင် အဲယား ကွန်းကားဆိုပြီး ဝန်ဆောင်မှုပေးတဲ့ အဲဒီကားလိုင်းက တစ်လမ်းလုံး ကားမကောင်းလို့ဆိုပြီး အဲယား ကွန်းမပေး တာကြောင့်ဘေးတံခါးတွေ ဖွင့်ပြီး ပူပူလောင်လောင်နဲ့ ပုသိမ်ကို ချီတက်ခဲ့ရပါလေကော။

မည်သို့ပင်ဖြစ်စေ။ ပုသိမ်ကို လိုက်ပါ ပို့ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ နောက်နောင်တော့ ပုသိမ်ကို သွား မယ်ဆိုရင် ဘယ်ယာဉ်လိုင်းတွေက Profit ကို ကြည့်သလဲ၊ ဘယ်ယာဉ်လိုင်းကတော့ Benefit ကို ကြည့်သလဲ ဆိုတာ ဆန်းစစ်ပြီး လိုရာခရီးသွားဖို့ အတွေ့အကြုံတွေပေး လိုက်တာကြောင့်ပါ။ ခရီးသွားပြည်သူများလည်း Profit ထက် Benefit ကိုကြည့်တဲ့ ယာဉ်လိုင်းတွေကိုစီးပြီး လိုရာခရီးသွားနိုင်ကြပါစေလို့။

အောင်ထွန်းလင်း

Translation by Google

A service that can no longer even divide profits

During the Thingyan period, she hid at home. Myan Aung Township Family donation in Shwe Kyin Ask him out well if he is no longer absorbed in the connection. To go to Myan Aung-Shwe Kyin in the upper part of Irrawaddy Division, do you have to go from abroad? Or choose the route from Pathein to Irrawaddy to Myan Aung? So I decided to go from Pathein to Myan Aung with my family and go to Pathein with my whole family. Get a car ticket at Dagon Ayar Expressway?

The ticket office has four names. To the east is the giant that represents the Irrawaddy Division. The next two letters are names that represent something that makes you spin…

When I got my ticket, I was leaving for Pathein at 12 noon, so I hurried to the bus stop at around 11 am. Waiting for the bus at the bus stop to strike at 12 o'clock made people nervous. The bus will leave at 12 o'clock. So, there are a total of seven female ticket agents and female gatekeepers at the bus station. As a result, the bus to Pathein does not hit the bus stop at 12 o'clock. Why? So when I went to ask, I was late to enter Rangoon because of a flat tire on the road. So it will be about an hour late. Because I went to ask. If you do not ask questions, you will not tell the passenger.

What's worse here is that their departure time is 12, but the hour is one hour late for lunch. Passengers who want to get to Pathein as soon as possible are getting hotter than expected, but the bus station staff is very strict. Dissatisfied with the way they are being treated, they do not even know if the eight-faced deal is a public service. I even wondered if the business owners had not taught me that my business was a service business. In foreign countries, if your bus line is late, you will be provided with information on when you can get out of the bus and when you will be able to get out of the bus. They do watering. However, the staff of this bus company did not even think that there was a fish paste that was cooking for the passengers who were waiting for the bus because it was not even after lunch time. Do you think that you will be silenced if you yawn?

Here, in terms of marketing, if you run a service business, there are Profit and Benefit. Profit is Money Profit means money. (Benefit is Social Welfare) Benefit means the consumer recognition of your service. Here, more important than profit is benefit.

How satisfied customers are with your business services is truly invaluable. Profit is no longer important if the customer is satisfied with your service. It is a profit that will come automatically. Benefit is the benefit that a customer rewards for keeping your business afloat. It's one of the best ways to grow your business.

But is the bus line to Pathein completely misunderstood? Or is it because of the owner's permission? It does not take into account how to serve passengers waiting in the hot sun. No service. So how patient Myanmar people are. We waited until one o'clock in the afternoon, as instructed by the bus company. The car did not come in either. The staff did not say why the car had not entered. I asked again and he said he would get in the car at about 1:30 in the afternoon. This is also a question.
I just moaned. I can not bear the pain of waiting for my passengers and I do not understand how to provide services. So the man who could not stay said, "It's too good for you to have so many passengers waiting." Now it's actually lunch time. Passengers wait patiently for us to wait. Do not say when the car will arrive. What is your service? And now it is very hot. There are water bottles in front of you. Passengers are very hot. Will you run out of water? What are you planning to do now? ”
At that time, the staff members said, "I will drink water only when I get on the car." Good. But it's fair to look at profit rather than benefit. The crisis of our passengers; Instead of trying to recover, they wallow in their sadness and thus, experience more failure. If you are not satisfied, you can not afford it. So what about the noisy passengers? Then this bus line is sorry. I'm not sure what to do Say yes.
But with a twinkle in my eye, I had to get out of the 12 noon bus at 1:45 p.m. Even so, the air-conditioned bus service did not provide air-conditioning all the way, so we had to open the side doors and march to Pathein with hot flames.

In any case. Thank you for escorting me to Pathein. Next time, if you go to Pathein, which bus lines will look at profit? This is because it provides you with the experience to travel wherever you want by analyzing which bus lines look at the benefits. We want travelers to be able to travel on the bus lines that look at benefits rather than profits.
Aung Tun Lin
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.