Ad

Slider

အောက်တန်းမကျအောင် ကိုယ့်ဟာကိုယ် ဆည်းပူးကြရမယ့် ခေတ်

စာနယ်ဇင်းလောကထဲ ဝင်ရင်း တဖြည်းဖြည်းနဲ့ အိုမင်းပျက်စီးခြင်း သရုပ်သကန် အနေနဲ့ မျက်စိက ဇာတိပြ လာလို့ ရုံးကနေ ခေတ္တနားရချိန် သတင်းသမား စကားနဲ့ ပြောမယ်ဆိုရင် လိုက်ရ အခက်အခဲ ဆုံးသော သတင်းတစ်ပုဒ် ကြားလိုက်ရတယ်။ လိုက်ရခက်တဲ့ သတင်းဆိုတာက အသုဘသတင်းပါ။ ဘယ်သူ့ရဲ့ အသုဘ သတင်းလဲဆိုတော့ စာနယ်ဇင်း လူကြမ်းတစ်ဖြစ်လဲ ၁၉၈၈ ခုနှစ် နောက်ပိုင်း လူငယ်တွေအကြောင်း စိုက်လိုက်မတ်တတ် ရေးသားတဲ့ ဆရာကြီး ဦးအောင်သင်းရဲ့ အသုဘ သတင်းပါ။

ဒါနဲ့ အသုဘ သတင်းကို ဘာလို့ လိုက်ရခက်တဲ့ သတင်းလို့ ဆိုရသလဲဆိုရင် တခြားတခြားသော သတင်းတွေအတွက် မေးမြန်းတဲ့အခါ သတင်းထောက်အတွက် သိပ်မခက်ခဲ လှပေမယ့် အသုဘသတင်း၊ ကွယ်လွန်တဲ့ သတင်းကို လိုက်တဲ့အခါ ကွယ်လွန်သူရဲ့ မိဘဆွေမျိုး မောင်ဖွားတွေကို ဘယ်လို မျက်နှာနဲ့ မေးမလဲ၊ ““အခုလို သေသွားတဲ့အပေါ် ဘယ်လိုခံစားရသလဲ”” ဆိုပြီး သွားမေးလို့ ကောင်းတဲ့အရာ မဟုတ်ဘူးလေ။ နိုင်ငံရေး၊ စီးပွားရေး စတဲ့ စတဲ့ သတင်းတွေကို မေးမြန်းရင် နှိုက်နှိုက်ချွတ်ချွတ် မေးမြန်းလို့ ကောင်းပေမယ့်လည်း အခုလို အသုဘ သတင်းတွေကိုတော့ နှိုက်နှိုက်ချွတ်ချွတ် သွားမေးရင် ကံကောင်းရင် မောင်းထုတ် ခံရကိန်းပဲ ရှိပါတယ်။ ကံမကောင်းရင် ဝိုင်းရိုက် ခံရကိန်းတောင် ရှိပါတယ်။

ဒါနဲ့ စာရေးဆရာကြီး ဦးအောင်သင်း ဆိုတာ အရင်တုန်းကတော့ စာပေရေးရာ ကိစ္စနဲ့ ပတ်သက်ရင် လူကြမ်းကြီးလို့ သိထားသူတွေပါ။ ဒါပေမဲ့လည်း နောက်ပိုင်း ကာလတွေမှာ လူငယ်အကျိုးပြု စာတွေကို ဘာကြောင့် ရေးဖြစ်ခဲ့တာလဲ။ သူဘာကြောင့် ပြောင်းလဲသွားတာလဲ ဆိုတာကို မကြာခဏ ဆိုသလို ပြုလုပ်ခဲ့တဲ့ စာပေဟောပြောပွဲတွေမှာ ပြောလေ့ရှိပါတယ်။

“၈၈ နောက်ပိုင်းမှာ တိုင်းပြည်မှာက အလုပ်အကိုင်တွေ နည်းပါးလာသလို လူငယ် အတော်များများဟာ လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ပြီး တစ်နေ့တစ်နေ့ အချိန်ဖြုန်း နေကြတာကို မြင်ပြီးတော့ စိတ်မကောင်း ဖြစ်မိတယ်။ အဲဒါနဲ့ အဲဒီ လူငယ်တွေကို ကြည့်ပြီးတော့ သူ့အနေနဲ့ ဒီလူငယ်တွေအတွက် တစ်ခုခုတော့ ဖြစ်အောင် လုပ်ဦးမှပဲဆိုပြီး ဆုံးဖြတ်ချလိုက်ပြီးတော့ အဲဒီကစလို့ လူငယ်တွေအတွက် စာတွေ စရေးခဲ့တာ။ ၈၈ မတိုင်ခင် အထိကတော့ စာပေနဲ့ ပတ်သက်တဲ့ အကြောင်းအရာပဲ အဓိကရေးပြီးတော့ ကိုယ့်ကိုယ်ကိုယ် စာပေသမား တစ်ယောက်လို့ ခံယူထားတာ။ ဒါပေမဲ့လမ်းပေါ်မှာ လူငယ်တွေ အချိန်ဖြုန်းနေကြတာ မြင်ပြီး နောက်ပိုင်း လူငယ်တွေအတွက် တစ်ခုခုလုပ်မယ်လို့ ဆုံးဖြတ်ပြီးတဲ့ အချိန်မှာတော့ ဒီစာပေနဲ့ ပတ်သက် ပြီးတော့ ရေးတဲ့ အကြောင်းအရာတွေကို စွန့်လွှတ်လိုက် ပြီးတော့ ဒီလူငယ်အတွက် အဓိကထားပြီး ရေးတော့တယ်””တဲ့။ ပြီးတော့ ဒါဟာ လူငယ်တွေအတွက် အာရုံစိုက်ပြီးတော့ လုပ်မယ်ဆိုတဲ့ သူ့ဘဝရဲ့ အပြောင်းအလဲ တစ်ခုလို့လည်း ဆရာကြီး ဦးအောင်သင်းက ပြောကြားခဲ့ဖူးပါတယ်။ အခုဖော်ပြတဲ့ ဆရာကြီး ဦးအောင်သင်းရဲ့ စကားလုံးတွေကတော့ အတိအကျတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဓိက ဆိုလိုရင်းကို ပြောစကား အနေနဲ့ ပြန်လည် ကောက်နုတ်ဖော်ပြ ပေးလိုက်တာပါ။

ဆရာကြီးအနေနဲ့ လူငယ်တွေအတွက် တန်ဖိုးရှိတဲ့ စာတွေကို ဖော်ပြဖို့အတွက် စိတ်ကူးပြီး ၁၉၈၈ နောက်ပိုင်း ဦးဆုံး ထုတ်ခဲ့တဲ့ စာအုပ်နာမည်ကတော့ “မျိုးဆက်သစ်တို့ တိုးတက်ရစ်ဖို့”ပါ။

ဒီနေရာမှာ ထူးခြားချက် တစ်ခုကို ပြောပါဆိုရင် စာပေလောကသား တစ်ယောက်က ““ခုမယ် လူငယ်၊ နောင်ဝယ် ခေါင်းဆောင်””လို့ သမုတ်ခံရတဲ့ လူငယ်တွေအတွက် မိမိကိုယ်ကိုယ် ပြောင်းလဲပြီးတော့ တတ်နိုင်တဲ့ နေရာကနေ အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ လုပ်ဆောင်ခဲ့တာကို ချီးကျူး ဂုဏ်ပြုချင်တာပါ။

တစ်ခုရှိတာကတော့ ဒီကနေ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများကို ပြောချင်တာပါ။ ဆရာကြီး ဦးအောင်သင်းလို စာပေလောကအတွက် လူကြမ်း တစ်ယောက်ပမာ ပြောသင့်ရင်ပြော၊ ဆိုသင့်ရင်ဆို၊ ရေးသင့်တာရေးပြီး ထောက်ပြ ဝေဖန်ခဲ့တဲ့သူ တစ်ယောက်က တိုင်းပြည် အနာဂတ်အတွက် အဓိကကျတဲ့ လူငယ်ရဲ့ အခန်းကဏ္ဍကို နားလည်ပြီး လူငယ်တွေအတွက် အကျိုးရှိမယ့် ကိစ္စတွေကို လုပ်ဆောင် ခဲ့ပေမယ့် ဒီကနေ့ အစိုးရမင်းများက ဘာလုပ်နေကြသလဲ ဆိုတာပါ။

အစိုးရသစ် လက်ထက်ထဲမှာ လူငယ်တွေ တိုးတက်ရေးအတွက် လောက်လောက်လားလား လုပ်ခဲ့တာဆိုရင် အခြေခံပညာ အလယ်တန်း အဆင့်ကို အခမဲ့ပညာရေးအဖြစ် လုပ်ဆောင်ခဲ့တာ တစ်ခုပါပဲ။ ဒါပေမဲ့လည်း အဓိကကျတဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာရိတ္တပိုင်းဆိုင်ရာ ဆောင်ရွက်ခြင်း လုပ်ငန်းတွေမှာ အများကြီး အားနည်းနေတုန်းပါပဲ။ ပညာရေးနဲ့ ပတ်သက်လို့ အဓိကကျတဲ့ ကျောင်းဆရာ၊ ဆရာမတွေ ပြုစုပျိုးထောင်မှု အပိုင်း၊ ကလေးငယ် ကျန်းမာရေးအတွက် လိုအပ်တဲ့ ကျန်းမာရေး လုပ်သားရှားပါးမှု။ ဒါတင်လားမဟုတ်။ ထပ်ပြောစရာ ရှိတာက ကလေးသူငယ်တွေအတွက် ကျောင်းသုံး ပြဋ္ဌာန်းချက်တွေမှာ မဟုတ်မမှန် အချက် အလက်တွေ ထည့်သွင်းထားမှု ပိုင်းတွေပါ။ စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေရတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေဟာ လက်နက်ကိုင် အဖွွဲ့တွေရဲ့ မိသားစုဝင်တွေဆိုပြီး ကလေးငယ်တွေရဲ့ ခေါင်းထဲကို မဟုတ်တမ်းတရား ရိုက်သွင်းနေမှု။ အများကြီး အများကြီးပါ။ ဒါ့အပြင် လွတ်လပ်စွာ ပညာ ဆည်းပူးခွင့်နဲ့ ပတ်သက်လို့ အဟန့်အတား ဖြစ်စေတဲ့ အမျိုးသား ပညာရေးဥပဒေ။

“ကျွန်တော်ပြောချင်တာက လွတ်လပ်ခွင့်ဟာ ပေးသင့်တဲ့ နေရာတွေမှာ ပေးကို ပေးသင့်တယ်။ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ပေးတာဟာ သူတို့ကို လွတ်လပ်စွာ အော်ဟစ် ကြွေးကြော်ခွင့်၊ သူပုန်ထခွင့်ပေးတာ မဟုတ်ဘူး။ အဲဒီဥစ္စာကို ပညာရှင်တွေက နားကိုလည်ရမယ်၊ ကျောင်းသားတွေ ကိုယ်တိုင်ကလည်း နားလည်ရမယ်။ ငါတို့ လွတ်လပ်နေခြင်းသည် အစိုးရကို ပုန်ကန်ဖို့ မဟုတ်ဘူး၊ အစိုးရကို ဖီဆန်ဖို့ မဟုတ်ဘူး၊ ငါတို့ ပညာရေးကို လွတ်လပ်စွာ တောင်းဆိုခွင့်သာလျှင် ဖြစ်တယ်” လို့ လွတ်လပ်စွာ ပညာသင်ကြားခွင့်နဲ့ ပတ်သက်လို့ ဆရာကြီး ဦးအောင်သင်းက မဇ္စျိမ သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားခဲ့ဖူးပါတယ်။

နောက်တစ်ခုက ပလုံကောက်တယ် ဆိုတဲ့ လမ်းဘေးက စွန့်ပစ်ပစ္စည်း ကောက်နေရတဲ့ လေလွင့် ကလေးငယ်တွေ၊ လမ်းကြို လမ်းကြားတွေမှာ ကော်ရှူနေကြတဲ့ ကလေးတွေ၊ ခိုးဆိုးနှိုက်ဘဝနဲ့ ကျင်လည် နေကြတဲ့ ကလေးသူငယ်တွေ အများကြီး အများကြီးပါ။

မြန်မာပြည်က ဘယ်နေရာ၊ ဘယ်အဆင့်၊ ဘယ်ဒေသမှာ ကြည့်ကြည့် တိုင်းပြည်ရဲ့လိုအပ်ချက်ကြောင့် ဘေးရောက်နေကြတဲ့ လူငယ်တွေ အများကြီးပါ။

ဒီတော့ မေးလိုက်ချင်တာက ဆရာကြီး ဦးအောင်သင်းလို လူငယ်တွေအတွက် ဘဝမှာ အပြောင်းအလဲ တစ်ခု လုပ်ဖို့ အစိုးရမင်းများ အဆက်ဆက် စိတ်ကူးမိကြ ပါသေးရဲ့လား။ အစိုးရအဖွဲ့ရဲ့ နာမည်ကောင်းရဖို့ မလိုအပ်တဲ့ နေရာတွေမှာ အပုံလိုက် အပုံလိုက် ဘတ်ဂျက်ချပေးပြီး လုပ်နေတာတွေကို ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေးအတွက် သုံးသွားဖို့လေး လောက်ကိုကော စိတ်ကူးမိကြပါရဲ့လား။ ကိုယ်အိတ်မစိုက် ရပါဘူးဗျာ။ အတိုင်းတိုင်း အပြည်ပြည်ကို စစ်ဘက်နဲ့ အုပ်ချုပ်ရေးဘက်ဆိုင်ရာ ဝန်ကြီးဌာနက လူတွေကို ပညာတော်သင် လွှတ်နေတာ ပြည်သူအတွက်ကော ဘယ်တော့များမှ ရာရှင်(ခွဲတမ်း)ပေးမှာလဲ။ အများကြီးပါ။

ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ကျွန်တော် အခုလို အစိုးရကို လူငယ်တွေအတွက် လုပ်ပေးစေချင်တာကို ပြောနေတာဟာ ဆရာကြီး ဦးအောင်သင်း ပြောခဲ့တဲ့စကားနဲ့ လွဲချော်နေတယ်လို့ ခံစားလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ပြောစရာရှိ ပြောရမှာပဲဆိုပြီး နှလုံးမူပြီး ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဆရာကြီးရဲ့ ပြောစကား ကိုတော့ အများပြည်သူ သိအောင် ပြောပြ လိုက်ပါဦးမယ်။

သြော် . … ဒါနဲ့ ပြောချင်တာတစ်ခု ကတော့ ဆရာကြီး ဦးအောင်သင်းဆိုတာ နှယ်နှယ်ရရ ပုဂ္ဂိုလ်တော့ မဟုတ်ပါဘူး ဆိုတာပါ။ ဒီကနေ့ မဏ္ဍိုင်သုံးရပ်ထဲက တစ်ရပ်ဖြစ်တဲ့ လွှတ်တော်မဏ္ဍိုင် အကြီးအကဲ သူရဦးရွှေမန်းရဲ့ ဆရာဖြစ်သလို သီးခြား လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုလို ထီးထီးကြီး ရပ်တည်နေတဲ့ စစ်တပ် အကြီးအကဲ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆရာဖြစ်တယ် ဆိုတာပါ။

“မင်းဒီစနစ်ကြီးကို မကြိုက်ဘူး။ ဒီပညာရေးစနစ်ကြောင့်၊ ဒီအစိုးရကြောင့် မင်းမကျေနပ်ဘူးလို့ ပြောတယ်။ အဲဒီတော့ မင်းပြောင်းနိုင်လား၊ မပြောင်းနိုင်ဘူး။ မပြောင်းနိုင်ရင် မင်းကိုယ်မင်း တစ်နည်းနည်းနဲ့ တိုးတက် အောင် လုပ်ပေါ့။ အဖျင်းဆုံး စာဖတ်နေရမယ်၊ ဆည်းပူးနေရမယ်။ တစ်ဖက်သားမှာ ရရှိနိုင်တဲ့ ပညာရပ်ကို မေးမြန်း ဆည်းပူးရမယ်။ အဲဒီတော့ မင်းဘဝမင်း ဟိုအငြိုးထား ဒီအငြိုးထား၊ ဟို အပြစ်တင် ဒီအပြစ်တင်နဲ့ဆိုတော့ မင်းဘာသာမင်း နောက်ဆုံးပိတ် အောက်တန်းကျရုံပဲ ရှိမယ်”။

အောင်ထွန်းလင်း

Translate by Google

It is a time to acquire oneself so as not to be inferior

As I entered the world of journalism, I heard one of the most difficult news stories to follow when I was taking a break from work because of the gradual appearance of aging as a sign of aging. Hard to follow news is funeral news. Whose funeral news? The funeral news of U Aung Thin, a journalist who has been writing about young people since 1988.

Therefore, it is not difficult for a reporter to ask for other news if the funeral news is difficult to find. When you follow the news of death, how do you ask the parents and relatives of the deceased? Wouldn't it be nice to ask, "How do you feel about dying like this?" Politics; It is good to ask in-depth questions about business, but if you are lucky enough to ask in-depth information about a funeral, you may be kicked out. Unfortunately, there are even beatings.

So writer Aung Thin used to be known as a villain in literary matters. But why write letters to young people in later life? He often talks about why he changed.

"After 1988, there were fewer jobs in the country and I was saddened to see so many young people sitting in tea shops and wasting their time every day," he said. So I decided that what I really needed to do was learn how to do it right and start writing letters to young people.Prior to 1988, I considered myself a writer, writing mainly about literature. "But when I saw young people wasting their time on the streets and decided to do something for young people, I gave up writing about this literature and focused on this young man.""And this is a change in his life that he will focus on young people," he said.But here's a quote from the main point.

He first published a book after 1988 with the idea of ​​publishing valuable books for young people, entitled "For the New Generation to Improve."

One of the highlights of this book is the literary world. I would like to commend the young people who have been called "future leaders" for transforming themselves and working as hard as they can.

For one thing, I want to say to those who are ruling the country today. If you should speak like a villain for the literary world like Sayargyi U Aung Thin, speak. If it should be, Someone who has written and pointed out what should be written should understand what the role of young people is in the future of the country and do things that will benefit the youth, but what are the governments doing today?

If the new government did enough to improve the lives of young people, it would be free primary and secondary education. However, the main education, Health Social There is still a lot of weakness in the moral work. Key teachers in education Teacher training; Shortage of health workers needed for child health.Is that right? In addition, the inclusion of false information in school regulations for children. Refugees sheltering on the Thai-Burmese border as a result of the military offensive are falsely accusing children of being members of armed groups. A lot, a lot. In addition, the National Education Law, which restricts freedom of education.

"I want to say that freedom should be given where it should be given," he said. Giving them free development means giving them the freedom to shout and shout. He did not allow rebellion. Experts need to understand this property. Students themselves must understand. Our independence is not to rebel against the government; Not to disobey the government. It is our right to demand freedom of education, ”Aung Thin said in an interview with Mizzima.

Another is the street children who are collecting garbage on the side of the road. Children glued to the sidewalks. There are a lot of children who are living a life of stealing.

Where in Myanmar? Which level? Everywhere you look today, the tide of protectionist sentiment is flowing.

So the question is, have you ever dreamed of making a difference in the lives of young people like Aung Thin? Where there is no need for the government to make a name for itself, it is necessary to spend a lot of money on budgets. Have you ever dreamed of using it for your health? I do not have to carry my own bag. As long as the Ministry of Military and Administration is sending people to the international community, will the people be given rations? A lot.

But there is one thing. I feel that what I am saying that the government wants to do for the youth is inconsistent with what Aung Thin said. "I have something to say," he said with all his heart. But let me tell you what the teacher said.

Yes. … One thing I want to say is that U Aung Thin is not a relative. One of the three pillars today is the teacher of Thura U Shwe Mann, the head of the Hluttaw, and the teacher of the army chief, Senior General Min Aung Hlaing, who stands as an independent body.

"You do not like this system. Because of this education system, You say you are not happy with this government. So can you change? It can not be changed. If that doesn't happen, it's still a way to get more involved with the expat community here. You must be reading the worst. You have to keep learning. You need to ask what the other person has to offer. So your life, you hate that, hate that. "With that blame, you religion will just end up in the bottom."
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.