Ad

Slider

ပြည်ပက ဝင်သမျှ ဒေါ်လာများကို တစ်ရက်အတွင်း ၁၈၅၀ ကျပ်နဲ့ ရောင်းပေးရမယ်


ပြည်ပမှ ဝင်ရောက်သည့် နိုင်ငံခြား ငွေများကို ဝင်ရောက်သည့်နေ့မှတစ် ရက်အတွင်း မြန်မာကျပ်အဖြစ် ပြောင်းလဲ၍ ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရမည်ဖြစ်ပြီး လဲလှယ်ပေးရမည့်နှုန်းမှာ တစ်ဒေါ်လာလျှင် ကျပ် ၁၈၅၀ ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်စွဲဖြင့် ထုတ်ပြန်သည့် ညွှန်ကြားချက်အမှတ်(၄/ ၂၀၂၂)တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သောအမိန့် ကြော်ငြာစာအမှတ်၁၂/၂၀၂၂ အရ နိုင်ငံ ခြားသုံးငွေများ ရောင်းဝယ်ဖောက်ကား သည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအ နေဖြင့် အောက်ပါတို့ကို လိုက်နာဆောင်ရွက် ရန် ညွှန်ကြားထားသည်။

၂၀၂၂ ခုနှစ် ဧပြီ ၄ရက်မှစတင်၍ ADလိုင်စင်ရဘဏ်အသီးသီးသို့ ဝင်ရောက် လာသည့် ပြည်တွင်း၌ နေထိုင်သူများ၏ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသော ဝင် ရောက်ငွေ များကို ရည်ညွှန်းချက် ကင်းလွတ်ခွင့်ပြုမည့်ကိစ္စရပ်များ မှအပ AD လိုင်စင်ရဘဏ်များတွင် ဖွင့်လှစ် ထားသည့် နိုင်ငံခြားငွေစာရင်းများသို့ ဝင် ရောက်ပြီးသည့်နေ့မှ အလုပ်လုပ်ရက်တစ် ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်၍ အဆိုပါ နိုင်ငံခြားငွေရရှိသူက ဖွင့်လှစ်ထား သည့် ကျပ်ငွေစာရင်းသို့ ထည့်သွင်းပေးရ မည်ဖြစ်သည်။

နိုင်ငံခြားသုံး ငွေမှ မြန်မာကျပ်ငွေသို့ ပြောင်းလဲခြင်းကို  တစ်ဒေါ်လာလျှင် မြန်မာကျပ် ၁၈၅၀ ဖြင့် လဲလှယ်ပေးရမည်၊ အခြား Currency များ အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တစ် ဒေါ်လာလျှင်  ကျပ် ၁၈၅၀ ဖြင့် အခြေခံ တွက်ချက်ထားသည့်အတိုင်း ဆောင်ရွက်ရ မည်၊ ငွေလဲလှယ်နှုန်းအပြောင်းအလဲရှိပါက  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က  ထပ်မံညွှန် ကြားမည်ဖြစ်သည်။


Translate to Google


Overseas receipts must be sold for 1,850 kyat in one working day


Foreign exchange inflows must be converted into Myanmar Kyats within one day from the date of entry and the exchange rate is 1,850 Kyats per dollar, according to Directive No. 4/2022 dated 3 April 2022.

According to Notification No. 12/2022 issued by the Central Bank of Myanmar on April 3, 2022, foreign exchange licensed (AD) licensed banks are required to comply with the following.

Starting from April 4, 2022, the recipients of the foreign currency will be able to exchange their foreign exchange earnings for foreign exchange in Myanmar kyats within one business day from the date of entry into the foreign exchange accounts opened at AD licensed banks, except in cases of exemption.

The conversion from foreign currency to Myanmar kyat must be exchanged for 1850 Kyats per dollar. For other currencies, the exchange rate should be based on the basic calculation of 1,850 kyats per dollar. The Central Bank of Myanmar will issue further instructions if there is a change in the exchange rate.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.