Ad

Slider

ထိုင်းပြန်လက်ခံမှု သင်္ကြန်ကာလ နားမည်

Photo - Asia News

သင်္ကြန်ကာလဖြစ်သည့် ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ထိုင်း-မြန်မာ အမှတ် (၂) ချစ်ကြည်ရေးတံတားမှ နေရပ်ပြန်ကြိုဆိုမှုကို ရပ်ဆိုင်းထားမည် ဖြစ်သည်။ 

ကိုဗစ်ကြောင့် ပြန်လာမှုကို ကန့်သတ်ထားခဲ့ပြီးနောက် ၂၀၂၁ သြဂုတ်လမှ စ၍ တစ်ရက်လျှင် ၂၀၀ ဦးဖြင့် တစ်ပတ်လျှင် သုံးရက် နေရပ်ပြန်ချင်သူများကို လက်ခံကြိုဆိုခဲ့ရာမှ ခေတ္တရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 

ထိုင်းတွင် အလုပ်လုပ်ကိုင်နေသူများမှာ သင်္ကြန်ကာလဖြစ်၍ နေရပ်ပြန်လိုသည့်အတွက် ပြန်လာလိုသူများပြားနေပြီး ပြီးခဲ့သည့် ဧပြီလ ၆ ရက်တွင် ကန့်သတ်ချက်ကို ကျော်လွန်၍ သတ်မှတ်ထားသည်ထက် နှစ်ဆနီးပါးကို လက်ခံထားခဲ့ပြီး ဖြစ်သည်။ နေရပ်ပြန်လိုသူများပြားသည့်အတွက် ကန့်သတ်ချက်များကို ကျော်လွန်ကာ နေရပ်ပြန်နိုင်အောင် စီစဉ်ပေးမည်ဟုဆိုကာ လူမှောင်ခိုကူး ကယ်ရီများက စည်းရုံးမှုများ ရှိနေပြီး တစ်ဦးလျှင် ထိုင်းဘတ် ၃,၅၀၀ မှ ၁၀,၀၀၀ အထိ တောင်းယူမှုများ ရှိသည်။ 

နေရပ်ပြန်ကြိုဆိုမှုမှာ စတင်ပြန်လည်လက်ခံသည့်နေ့မှစ၍ ဧပြီ ၆ ရက်အထိ စုစုပေါင်း ၃၀,၀၀၀ ကျော် ရှိလာပြီ ဖြစ်သည်။ 


Translate by Google

Returning to Thailand will end the Thingyan period

The Thai-Myanmar Friendship Bridge No. 2 will be closed from April 13 to 17 during the Thingyan period.

COVID has been restricted in return since August 2021, when it was closed to 200 returnees three days a week.

Those working in Thailand are more likely to return because of the Thingyan festival, and on April 6, the limit was accepted, almost double the limit. Traffickers have been lobbying for the repatriation of more than 3,500 to 10,000 baht each, claiming that they will be repatriated beyond the limit.

The repatriation has grown to over 30,000 since its inception on April 6.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.