Ad

Slider

အိမ်ထောင်စုစာရင်းမူရင်း မတင်ပြနိုင်သော အိမ်ထောင်စု ၇၀ ခန့်ကို ဖုန်းမဲနှိုက်ခွင့်မှ ချန်လှပ်

 

မော်လမြိုင်၊ စက်တင်ဘာ ၃။  ။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ချောင်းဆုံ တိုးချဲ့ရပ်ကွက်တွင် စက်တင်ဘာလ ၃ ရက်နေ့က တန်ဖိုးနည်း ဖုန်းများအား မဲနှိုက်ပေးရာ၌ အိမ်ထောင်စုစာရင်း မူရင်း မတင်ပြနိုင်သော အိမ်ထောင်စုများအား ချန်လှပ် ခဲ့သဖြင့် ချန်လှပ်ခံရသော အိမ်ထောင်စုဝင်များက မကျေနပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ကွက်တွင် အိမ်ထောင်စုပေါင်း ၃၅၀ ခန့်ရှိပြီး အိမ်ထောင်စု ၇၀ ခန့်မှာ ယာယီ အိမ်ထောင်စု စာရင်းများသာ ရှိသောကြောင့် ဖုန်းမဲနှိုက်ရာတွင် ချန်လှပ်ထားခြင်း ဖြစ်ကြောင်း ရပ်ကွက် ထွေအုပ် စာရေးဝန်ထမ်းက ပြောသည်။

““ဒီယာယီ အိမ်ထောင်စု စာရင်းနဲ့ပဲ ၂၀၁၀ မှာ မဲပေးခဲ့တယ်၊ ၂၀၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်တုန်း ကလည်း ဒီယာယီ အိမ်ထောင်စု စာရင်းနဲ့ပဲ မဲထည့်ခဲ့တယ်၊ ရပ်ကွက်က သာရေး နာရေးကြေး၊ ဘောလုံး ပွဲကြေးနဲ့ ဟိုကြေး ဒီကြေးတွေကိုလည်း အများနည်းတူ ကျွန်မတို့ ထည့်ပေးရတယ်၊ အခုဖုန်းမဲနှိုက်မှပဲ ကျွန်မ တို့ဟာ တရားမဝင်ဘူး လို့ဆိုတော့ မတရားပါဘူး”” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက မြန်မာ့အောင်သံသို့ ပြောခသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက “ဒီကိစ္စကို ကြားကြားချင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော် ဖုန်းဆက်မေးတယ်၊ စာရေးမက ဒီလို လုပ်မှ သူတို့တွေ လဝကရုံးမှာ အိမ်ထောင်စုစာရင်း လုပ်ဖြစ်လိမ့်မယ် မဟုတ်ရင် လုပ်ဖြစ်ကြမှာ မဟုတ်ဘူး ဆိုပြီးတော့ အကြောင်းပြတယ်၊ ဒါမှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး၊ ကောက်ခံစရာရှိတော့ ယာယီတွေ ဘာတွေ မခွဲဘူး၊ အခွင့်အရေး ပေးတော့မယ် ဆိုတော့မှ ခွဲခြားတာ သဘာဝမကျဘူး၊ ကျွန်တော်တို့က အစိုးရ မဟုတ်တော့ ဘယ်လို လုပ်ပါဆိုတာ ဆုံးဖြတ်ပေးပိုင်ခွင့် မရှိဘူး ညှိနှိုင်းပေးလို့ပဲရမယ်၊ ဒီအတွက် မြို့နယ် ထွေအုပ်ရုံးကို ဖုန်းဆက်ပြီး အကျိုး အကြောင်း ပြောပြလိုက်တယ်၊ နေ့လည် ၁၁ နာရီလောက် ကျွန်တော် ရောက်လာတော့ အဲဒီ ရပ်ကွက်က ယာယီ အိမ်ထောင်စုစာရင်း လုပ်ထားတဲ့ အိမ်ခြေတွေ ၂ ရက် အတွင်း လဝကရုံးမှာ အိမ်ထောင်စုစာရင်း လုပ်ဖို့နဲ့ ပျက်ကွက်ရင် မိမိတို့တာဝန် ဖြစ်တယ်ဆိုပြီးတော့ အသံချဲ့စက်နဲ့ လိုက်ကြေငြာတယ်၊ ဖုန်းမဲနှိုက်တာကိုလည်း စက်တင်ဘာ ၆ ရက်နေ့ကို ရွှေ့ဆိုင်းလိုက်တယ်၊ ဒါလည်း သဘာဝမကျသေးဘူး၊ တကယ်ဆို ၂ ရက်တည်းနဲ့ လဝကရုံးမှာ တစ်အုံတစ်မ အိမ်ထောင်စုစာရင်း လုပ်ဖို့ မဖြစ်နိုင်ဘူး” ဟု ပြောဆိုခဲ့သည်။

ယခုအခါ ရပ်ကွက်အတွင်းရှိ ယာယီအိမ်ထောင်စု စာရင်းသာ ကိုင်ထားသော အိမ်ထောင်စုများ အနေဖြင့် တစ်နယ်တစ်ကျေးတွင် အလုပ်လုပ်ကိုင် နေကြခြင်း၊ လယ်ယာလုပ်ငန်းခွင်သို့ ဝင်နေရခြင်း တို့ကြောင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ကြေငြာထားသော ၂ ရက် အတွင်း အိမ်ထောင်စုစာရင်း မပြုလုပ်ပါက နောက်နောင်တွင် လုပ်ရန် မလွယ်ကူမှာကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။


Translation by Google

Mawlamyine ၊ September 3 : Mon State Chaungzon Township In Chaungzon Extension, the families of those who were not able to submit their original household registers were dissatisfied with the fact that they were not able to submit their original household registrations during the lottery on September 3.

There are about 350 households in the ward, and about 70 of them have only temporary household lists, so they were left out of the lottery, said the ward administration clerk.
"I voted in 2010 with this temporary household list," he said. When the ward administrator was elected in 2013, I voted with this temporary household list. The ward pays for the funeral. We have to pay the same amount for football matches and other fees. It is not fair that we are not legal now, ”a local woman told Myanma Aung Than.
An official said: “As soon as I heard about this, I called the ward administration office. If the clerk did that, they would not be able to do the household census at the Immigration Office. This is not the right solution. Because there is a collection, there is no temporary division. Discrimination is not natural when it comes to opportunity. As we are not a government, we do not have the authority to decide what to do. I called the township general administration office and explained the reason. When I arrived at about 11:00 pm, we were told by loudspeakers that if we failed to register at the Immigration Office within two days of the temporary household registration in the area, it would be our responsibility. The lottery was postponed to September 6. This is not natural yet. In fact, it is not possible to register a single household at the Immigration Office in just two days. ”
Currently, only temporary households in the ward are working in one village. They are worried that it will not be easy to do so in the future if they do not do the household registration within the two days announced by the ward administrator.
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.