Ad

Slider

တာဝန်ခံ ကိုရာဇာဖမ်းခံရပြီးနောက် အခက်တွေ့နေသည့် NCA ဂေဟာ


 HIV/AIDS ဝေဒနာရှင်နှင့် မိဘမဲ့ဂေဟာ Nurture Aid Care – NCA ဂေဟာတာဝန်ခံ ကိုရာဇာဖမ်းခံရပြီးနောက် ဂေဟာနေ ရောဂါသည်ကလေးငယ်များအတွက် ကုသရေးနှင့် နေ့စဉ်စားသောက်ရေးဆိုင်ရာ အခက်အခဲတွေ ရှိလာနေပြီလို့ တယ်လို့ အမည်မဖော်လိုသူ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

အဆိုပါဂေဟာမှာ အလှူရှင်များကို အားကိုးနေရခြင်းဖြစ်ကာ အသစ်ထပ်ရောက်လာတဲ့ ကလေးငယ်တွေ ရှိသလို ရောက်ရှိလာသူများ၏ ကျန်းမာရေးအရ ကုသမှုပေးရန် အရေးပေါ်လိုအပ်နေသူများလည်း ပါဝင်ပါတယ်။

“ကိုဗစ်နဲ့ နိုင်ငံရေးအခြေအနေကြားထဲမှာ စားစရာဆန်မရှိတော့ဘူး၊ ပိုက်ဆံလည်းမရှိတော့ဘူး။ ကိုရာဇာရှိသေးတော့ သူနဲ့ သိတဲ့မိတ်ဆွေတွေဆီကနေ အကူအညီ တောင်းပြီးရပ်တည်ခဲ့ရတာ၊ လည်ပတ်ခဲ့တာပေါ့နော်။ အခုကိုရာဇာမရှိတော့ အရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အလှူရှင် ရှာပေးမယ့်သူလည်းမရှိတော့ဘူး” လို့ သူကဆက်ပြောပါတယ်။

NAC ဂေဟာ တာဝန်ခံ ကိုရာဇာကို မတ် ၂ ရက်နေ့က အရှေ့ဒဂုံမြို့နယ်ရဲစခန်းတာဝန်ရှိသူတွေက မေးစရာရှိလို့ဆိုပြီး အရပ်ဝတ်နဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပြီး ဒီဂေဟာကို အကြမ်းဖက်အဖွဲ့အစည်းလို့ စစ်ကောင်စီက ကြေညာထားတဲ့ CRPH အဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက စတင်တည်ထောင်ထားတာ ဖြစ်ပါတယ်။

ကိုရာဇာဟာ ဂေဟာအတွက် အလှူငွေကောက်ခံနေပြီး ဒီအလှူငွေကို NUG၊ PDF ဆီကို လှူဒါန်းနေတယ်ဆိုတဲ့ သံသယ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာနဲ့ နီးစပ်သူအသိုင်းအဝိုင်းတွေက အခိုင်အမာ ပြောဆိုနေကြပါတယ်။ ၎င်းကို ဧပြီလ ၁ ရက်က ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးမှာ ရုံးထုတ်ရမန်ရယူထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲထားပါတယ်။


Translation by Google

Nurture Aid Care (NCA) HIV / AIDS and Orphanage's Ko Raza, head of the shelter, has been arrested and the shelter has become difficult to treat and provide daily food for children, a camp official said on condition of anonymity.

The shelter relies on donors for new arrivals, as well as those in urgent need of medical care.


"There is no food between Covis and the political situation," he said. I have no money. When Ko Raza was still alive, he had to ask for help from friends who knew him. I visited. Now that Ko Raza is gone, there is no one to stand up and look for donors, ”he added.


Ko Raza, who is in charge of the NAC shelter, was abducted on March 2 by plainclothes officers from East Dagon Township police station for questioning.


Ko Raza is collecting donations for the shelter and donating the money to NUG, Proponents of her case have been working to make the actual transcript of this statement available online. He was arraigned in Rangoon East District Court on April 1 and charged under Section 50 (j) of the Anti-Terrorism Law.

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.