Ad

Slider

ဂယက်ထသော သတင်းများ - တိတ်ဆိပ်ငြိမ်သက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့


ဇွန်လ ၁၉ ရက်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ သို့သော် ပါတီရုံးချုပ်နဲ့ တချို့သော ဒေသတွေမှာ သူမအတွက် မွေးနေ့ပွဲတွေကို သူမမပါဘဲ အကျဉ်းရုံး လုပ်ကြတာကလွဲလို့ အရင့်အရင် နှစ်တွေလို စည်စည်ကာားကား သိုက်သိုက်မြိုက်မြိုက် လုပ်ကြတာ မတွေ့ရပါဘူး။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က စလို့ ထိန်းသိမ်း၊ တရားစွဲဆိုတာတွေ ခံနေရတာကြောင့် မွေးနေ့ရှင်ကိုယ်တိုင် မပါတဲ့ မွေးနေ့ပွဲတွေ ကျင်း ပနေကြတာ ဖြစ်ပါတယ်။ 

သူမ၏ မွေးနေ့နှင့် ပတ်သက်၍ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balkrishnan က ၎င်း၏ လူမှုကွန်ရက်၌ "၇၇ နှစ်မြောက် မွေးနေ့ဖြစ်ပါစေလို့ ချစ်ခင်ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုမွန်တောင်းလိုက်ပါ၏။ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ" ဟု ရေးသားထားပါတယ်။ မွေးနေ့ရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ မွေးနေ့မှာ ရဟတ်ယာဉ်ငှားရမ်းမှုနဲ့ ဆက်စပ်ပြီး စွပ်စွဲထားတဲ့အမှုအတွက် တရားရင်ဆိုင်နေရပြီး တရားရုံးမစတင်မီမှာပဲ အကျဉ်းရုံးမွေးနေ့ပွဲလေး ပြုလုပ်ခဲ့ပါ သေးတယ်။ ဒါ့အပြင် သူ့မွေးနေ့အတွက် ဆုတောင်းပေးနေကြတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း၊ ကျန်းမာ ရေးဂရုစိုက်ကြဖို့နဲ့ အချင်းချင်း ရိုင်းပင်းကူညီကြဖို့ စကားပါးလိုက်ပါသေးတယ်။ 

 ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ် ဇူလိုင် ၂၀ ရက်က နေ ၁၉၉၅ ခုနှစ် ဇူလိုင် ၂၀ ရက်အထိ ခြောက်နှစ်၊ ၂၀၀၀ ပြည့်နှစ် စက်တင်ဘာ ၂၃ ရက်ကနေ ၂၀၀၂ ခုနှစ် မေလ ၆ ရက်အထိ ၁ နှစ်နှင့် ခြောက်လ၊ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်ကနေ ၂၀၀၉ ခုနှစ် မေလ ၂၆ ရက်အထိ ခြောက်နှစ် (နေအိမ်အကျယ်ချုပ်) ၂၀၀၉ ခုနှစ် မေ ၁၈ ကနေ ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၁၃ အထိ မဖိတ်ဘဲ လာခဲ့တဲ့ ဂျွန်ယက်ထောကြောင့် နေအိမ်အကျယ်ချုပ် ၁ နှစ်ခွဲ တိုးခဲ့ပေမယ့် ခြောက်လ ထိန်းသိမ်းခံခဲ့ရဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘဝဖြတ်သန်းမှုနဲ့ ပတ်သက်လို့ Beyond Yangon - ရန်ကုန်အလွန် (ဂျွန်ဘော်မင်း - ၁၉၉၅) ၊ Aung San Suu Kyi - Lady of No Fear - ကြောက်ရွံ့ခြင်းကင်းသော အမျိုးသမီး (Anne Gyrithe Bonne - ၂၀၁၀) - အောင်ဆန်းစုကြည်၊ The Lady - အမျိုးသမီး (Luc Besson - ၂၀၁၁) စတဲ့ ရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်တွေ ထွက်ရှိခဲ့ဖူးပါတယ်
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.