Ad

Slider

"မန်းရွှေမြို့တော်" လူမှုစီးပွား မြင်ကွင်းစုံ

ရွှေဆိုင်တွေ ကြိတ်ကြိတ်တိုးနေတဲ့ မန်းမန္တလာ - မန္တလေးမြို့ပေါ်က ရွှေဆိုင်တွေမှာ အခုတစ်လော ဝယ်သူတွေနဲ့ ကြိတ်ကြိတ်တိုးနေတယ်လို့ မန်းရွှေမြို့က နန်းရှေ့သားတစ်ဦးက ဆိုလာပါတယ်။ အရင်က ပုံမှန်လောက်သာ အရောင်းအဝယ်ရှိရာကနေ အခုရက်ပိုင်းမှ ဝယ်ယူသူတွေ များလာတာ ဖြစ်ပြီး တချို့ဝယ်သူတွေဟာ မန္တလေးမြို့ ပတ်ချာလည် နယ်တွေက လာဝယ်သူတွေ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ဒေါ်လာစျေးက မငြိမ်၊ ဘဏ်တွေ ထားပြန် တော့လည်း စိတ်မချရနဲ့ ဆိုပြီး လက်ထဲ ထားတဲ့ငွေကို ရွှေအဖြစ် ပုံပြောင်းလိုတာကြောင့် ဖြစ်ပါတယ်။ အရင်က စျေးကျတုန်း ဝယ်ထားမယ်၊ စျေးတက်ရင် ပြန်ရောင်းမယ်ဆိုတဲ့ ဝယ်ရောင်းသမားသပ်သပ်သာ ရှိခဲ့ရာကနေ ခိုင် မာတဲ့ရွှေကိုပဲ ဝယ်ထားတော့မယ်ဆိုတဲ့ ဆုံးဖြတ်မှုတွေနဲ့ ရွှေဆ်ိုင်တွေမှာ ကြိတ်ကြိတ်တိုးကုန်တာ ဖြစ်ပါတယ်။ ရွှေဆိုင်တွေ ကြိတ်ကြိတ်တိုးကုန်တော့ စျေးတွေကလည်း မသိမသာ တိုးကုန်တယ်လို့ မန္တလေးသားတစ်ဦးက ပြောပါတယ်။ ရွှေဆိုင်အများစုဟာ လူမှုကွန်ရက်ဖေ့ဘုတ်ပေါ်မှာ ဒီကနေ့ ရွှေတစ်ကျပ်သား ဘယ်လောက်ပါဆိုပြီး တင်ထားပေမယ့် တကယ်တမ်း သွားဝယ်ရင် တင်ထားတဲ့စျေးတက် ကျပ် ၂၀,၀၀၀ လောက် စျေးတင်ရောင်း နေကြတယ်လို့ ဆိုပါတယ်။ 

ကား အဲကွန်းနဲ့ မီးလိုင်းသမားတွေ အလုပ်ပြန်ဖြစ်လာ - မန္တလေးမြို့ပေါ်မှာ အခုတစ်လော လမ်းပေါ်ပြန်တက်လာ တဲ့ အိမ်စီးကားတွေ များလာသလို ကားအဲကွန်းနဲ့ မီးလိုင်းသမားတွေ အလုပ်ပြန်ဖြစ်လာကြပါတယ်။ ကိုဗစ် ကူး စက်မှုဖြစ်ပွားပြီးနောက်ပိုင်း စီးပွားက ကျပ်၊ တိုင်းပြည်က မငြိမ်မသက်ဖြစ်၊ ဒီကြားထဲ လောင်စာဆီစျေးက အဆ မတန် တက်ကုန်တာကြောင့် မြို့နေလူထု အများစုက မသုံးမဖြစ် ကိစ္စကလွဲရင် ကားတွေသုံးတာကို ရပ်ထားခဲ့ကြတာ ကြာပါပြီ။ ဒါပေမဲ့ အခုရက်ပိုင်း လောင်စာဆီစျေးကလည်း ပြန်ကြ၊ အလုပ်တွေ ရပ်ထားတာလည်း ကြာတာ ကြောင့် မဖြစ်မနေ အလုပ်ပြန်လုပ်ကြရတဲ့အခါ ရပ်ထား၊ ထိုးထားတာ ကြာပြီဖြစ်တဲ့ ကားတွေကို ပြန်သုံးလာကြ ပါတယ်။ ရပ်ထားတာကြာပြီဖြစ်လို့ ကားအဲကွန်းဂက်စ်တွေ ပြန်ဖြည့်၊ အသုံးတာကြာလို့ ကြောင်ကုန်တဲ့ ကားမီး လိုင်းတွေကို အရေးတကြီး ပြန်ပြင်လာကြတာကြောင့် အဲဒီဆိုင်တွေမှာ လက်မလည်အောင် အလုပ်လုပ်နေကြရ တာ ဖြစ်ပါတယ်။ 

ပေါ်ပေါ်တင်တင် ဖြစ်လာတဲ့ လောင်းကစား - မန္တလေးမြို့ပေါ် ရပ်ကွက်တွေမှာ အခုဆိုရင် လောင်းကစားမှု ပြုလုပ် သူတွေဟာ အရင်လို ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ပေါ်ပေါ်တင်တင်နဲ့ကို လုပ်လာနေကြတယ်လို့ မန္တလေးသားတွေက သတိပေးလာပါတယ်။ အထူးသဖြင့် နှစ်လုံး၊ သုံးလုံးနဲ့ ထိုင်းထီလုပ်ငန်းတွေ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီ လိုလုပ်တာဟာလည်း မန်းမြို့တော်က ရပ်ကွက်တွေထဲမှာသာ ဖြစ်ပါတယ်။ နှစ်လုံး၊ သုံးလုံး ထိုးတဲ့ ချလံပေးတာ ကိုတောင် ပေါ်ပေါ်တင်တင် လုပ်လာတာကြောင့် ဒီ့နောက်ဆက်တွဲ ဒုစရိုက်မှုတွေ တိုးလာမှာကို မန္တလေးသားတွေ စိုးရိမ်နေကြပါတယ်။ အထူးသဖြင့် ထိုင်းအစိုးရက ဖွင့်တဲ့ ထိုင်းထီရောင်းတဲ့ လုပ်ငန်းတွေ ပိုပိုပြီးတော့ ပေါ် ပေါ်တင်တင် လုပ်လာကြတာ ဖြစ်ပါတယ်။ လောင်းကစားသူတွေကလည်း နှစ်လုံး၊ သုံးလုံးထက် ထိုင်းထီဘက်ကို လှည့်လာနေတယ်လို့ ဆိုပါတယ်။ ပြည်တွင်းအောင်ဘာလေ ထီထက် ပေါက်ရင် မြိုးမြိုးမြက်မြက် ရလို့လားတော့ မသိ၊ မြေပြင်ပေါ်မှာသာမက အွန်လိုင်းပေါ်အထိပါ ထိုင်းထီလုပ်ငန်းက အတော့်ကို တွင်တွင်ကျယ်ကျယ် ဖြစ်လာ နေတာ ဖြစ်ပါတယ်။ 

ကလေးတွေ ကျောင်းပို့ရမှာ စိုးရိမ်နေကြတဲ့ မိဘတွေ - မန္တလာမြို့တော်ကြီးမှာ ကျောင်းတက်နေကြတဲ့ ကလေး ငယ်တွေကို အခုဆိုရင် ကျောင်းပို့ရမှာအတွက် ကျောင်းသားမိဘတွေ စိတ်ပူနေကြပါတယ်။ ဘာကြောင့်လဲဆို တော့ အခု ကိုဗစ်မျိုးကွဲသစ် BA 4 ၊ BA 5 ကူးစက်မှုက ပြည်တွင်းမှာ ဖြစ်လာတာကြောင့် ဖြစ်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးထိုးပေးမှုတွေကို ကျောင်းတွေမှာ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးနေတာ ရှိပေမယ့်လည်း ကျောင်းသားမိဘတွေရဲ့ စိုးရိမ်မှုတွေက ရှိနေပါတယ်။ ကျောင်းမပို့ရင်လည်း အခက်၊ ကျောင်းပို့ ပြန်ရင်လည်း ကိုဗစ်ကို ကြောက်ရ၊ ပူရ၊ စိတ်ပူရနဲ့ ကျောင်းသားမိဘတွေ ဗျာများနေကြပါတယ်။
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.