Ad

Slider

ဂယက်ထသော သတင်းများ - ဖြေသူ နည်းသလောက် အောက်ချက် ကောင်းခဲ့တဲ့ ဝင်တန်း

၂၀၂၂ ပညာသင်ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းကို ဇွန်လ ၁၇ ရက်က ထုတ်ပြန်ခဲ့ရာ အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဖြေသူ နည်းသလောက် အောင်ချက် ကောင်းခဲ့ပါတယ်။ ဝင်ရောက်ဖြေဆိုသူပေါင်း ၂၈၁,၇၁၅ ရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက် ၄၆.၈၈ ရာခိုင်နှုန်း ရှိတယ်လို့ မြန်မာနိုင်ငံ စာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

 အောင်ချက်အကောင်းဆုံးကတော့ မွန်ပြည်နယ်ဖြစ်ပြီး ဖြေသူ ၁၁,၂၁၂ မှာ ၆,၄၁၄ အောင်တာကြောင့် ၅၇.၂၁ ရာခိုင်နှုန်း ရှိပါတယ်။ ချင်းပြည်နယ်ကတော့ အောင်ချက်အနည်းဆုံးဖြစ်ပြီး ၂၆.၇၈ ရာခိုင်နှုန်းပဲ ရှိပါတယ်။ 

အမှတ်အများဆုံး ၁၀ ဦးစာရင်းမှာတော့ မန္တလေး-ချမ်းအေးသာစံက သုံးဦး၊ ရန်ကုန်က လေးဦး (ကမာရွတ်၊ တောင်ဥက္ကလာ၊ ဒဂုံ၊ သန်လျင်)၊ နောက်ထပ် သုံးဦးကတော့ ပျော်ဘွယ်၊ မော်လမြိုင်၊ နေပြည်တော်တို့က ဖြစ်ပါတယ်။ အမှတ်အများဆုံးဟာ ၅၅၈ မှတ်ဖြစ်ပြီး ၁၀ ဦးမြောက် အမှတ်အများဆုံးကတော့ ၁၀ မှတ်အကွာနဲ့ ၅၄၈ မှတ် ဖြစ်ပါတယ်။

0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.