Ad

Slider

ဘင်္ဂလား တာကာ သိန်း ၅၀ နဲ့ ရွေးခိုင်းခံရတဲ့ ပညာရေးဝန်ထမ်း နှစ်ဦး


ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့က ပညာရေးဝန်ထမ်း နှစ်ဦး ပြန်ပေးဆွဲခံရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ သုံးငွေ တာကာ သိန်း ၅၀ (မြန်မာငွေ သိန်း ၁,၀၀၀) နဲ့ ပြန်ရွေးခိုင်းမှု ဇွန်လလယ်ပိုင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ တောင်ပြိုလက်ဝဲမြို့၊ သင်္ဘောလှကျေးရွာ မူလတန်းကျောင်းအုပ် ဦးဘိုဝင်းနဲ့ လက်ထောက်မူလတန်းပြ ဆရာမ ဒေါ်ဥမ္မာကျော်တို့ ဇွန်လ ၁၆ ရက်က လုပ်တဲ့ အစည်းအဝေးအပြီးအပြန်၌ ပြန်ပေးဆွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ပညာရေးဝန်ထမ်း နှစ်ဦး ပျောက် ဆုံးမှုကို ရှာဖွေနေစဉ်အတွင်း ပြန်ပေးဆွဲထားသူများလို့ ယူဆရသူများက ဖုန်းဖြင့် ဆက်သွယ်လာခြင်းဖြစ်ပြီး ဘယ်အဖွဲ့ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ ပြန်ပေးဆွဲခံရသူ ပညာရေးဝန်ထမ်းနှစ်ဦးကို နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဇွန်လ ၁၉ ရက် ရှာဖွေမှု လုပ်စဉ်ကလည်း ပစ်ခတ်ခံရတာ ရှိပြီး ဒေသခံ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရှာဖွေရေးအဖွဲ့မှာ ပါတဲ့ နံ့သာတောင်ဆရာတော်က မီဒီယာတွေကို ပြောဆိုထားပါတယ်။
0

No comments

Post a Comment

Mega Menu

blogger
Copyright © The Hurrah Myanmar News | မြန်မာ့အောင်သံ all rights reserved - 2021
made with by Kelvin Minn.